Myanmar Online Society

Online society portal for Myanmar (Burmese) people around the world

ကျွန်တော် ကဗျာတွေကို မြတ်နိုးပါတယ်...ဒါပေမယ့် ကဗျာဆရာတစ်ယောက်တော့မဟုတ်ပါဘူး... ကဗျာတွေဟာ ကိုယ့်ရဲ့ခံစားချက်တွေကို လွှတ်လပ်စွာ ဖွဲ့နွဲ့ စပ်ဆိုခွင့်ရှိတယ်လေ...လွတ်လပ်စွာ ခံစားပိုင်ခွင့်ရှိတယ်...ဒါကြောင့် ကဗျာတွေကိုကျွန်တော် ချစ်တယ်..ဒါကြောင့် ဒီခေါင်းစဉ်လေးကို ဖွင့်မိပါတယ်....အားလုံးပဲ ကိုယ့်ခံစားချက်တွေကို စာလုံးလေးတွေအဖြစ် သီကုံးပြီး ဖွဲနွဲ့ဆက်ဆို နိုင်ကြပါစေ....
နတ်ကလေး...

Reply to This

Replies to This Discussion

"ခရေပုံပြင်"

ရင်ခုန်တာ နင်မသိပေမယ့်
နင်သိအောင်လည်း မပြောတော့ပါ...

ဝေဒနာ မမြင်မိသူအတွက်
မြင်မိအောင်လည်း မပြတော့ပါ...

ရင်ခုန်သံ မျက်နှာချင်းဆိုင်သူမို့
ဗလာကျင်းတဲ့ (နင့်) နှလုံးသားမှာ
လိုအင်ကို အစိမ်းချုပ်
သိမ်းထုပ်လို့ လုံခြုံစွာ
ဆန္ဒကို ရေမှာမျှော
နင်သောသော ရယ်ဖို့ပါ...

နင်မသိ မမြင်မိပေမယ့်
အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာ
ပေးဆပ်ဖို့ရှင်သန်
ဒဏ်ရာတွေ နင်မရအောင်
ခရေအသွင်နဲ့
မြေပြင်မှာ ဖြန့်ကာကြဲလိုက်မယ်
ချစ်သူနင်းလို့ လျှောက်စမ်းလေ...

ဪ...
နှလုံးသားကို လမ်းခင်း
ချစ်သူနင်းလို့ လျှောက်စမ်းလေ...

ဂီစို


ရုပ်ရှင်တကားကြည့်ရင်း
ဖတ်မိတဲ့ကဗျာလေးတပုဒ်ပါ
သိကြမယ်လို့ထင်ပါတယ်
"ခရေပုံပြင်" တဲ့
ခံစားမိတဲ့ဗျာလေးတပုဒ်မို့
ထပ်တူခံစားနိုင်ပါစေလို့
ရည်ရွယ်ရင်း ....

----
မေ

Reply to This

ပေါ့ပျက်ပျက်

ပေါ့ပျက်ပျက်နဲ့ ငါ နားထောင်...
ခပ်မှောင်မှောင် ညနေခင်းမှာ...
ဟက်ဟက်ပက်ပက်နဲ့ ရယ်မော...
အတောမသတ်နိုင်အောင် ငါ ငို...
အဖြစ်အပျက်မှန်သမျှကို ပက်ပက်စက်စက် ခံစား
ရက်ရက်စက်စက်လုပ်တတ်တဲ့ လောကကို...
ငါ တောင်းပန်ဖို့တော့မလို...

လေးလံတဲ့ ခြေလှမ်းနဲ့ မြေပေါ်ကိုလှမ်း...
ကြမ်းတမ်းတဲ့ စိတ်ကို အနိုင်ယူ...
သူမတူအောင် ငါ သက်ပြင်းတွေချ...
နိုးထနေတဲ့ ငါ့စိတ်တွေကြောင့်...
အိပ်ပျက်ညတွေ တန်းစီ...
ငါ့ ခန္ဓာသည်လည်း လုံးပါးပါး...
ခြားထားတဲ့ စည်းတစ်ခုက...
ပျော်ရွှင်မှုနဲ့ ငါ...
ကြာတော့လည်း ဒီပေါ့ပျက်ပျက်ထဲမှာ...
ကျင့်သားရလို့ ငါ ယဉ်ပါး...

ကံကောင်းတယ်လို့ လူတွေ မြင်...
ငါ့ရင်မှာ ကျဉ်တင်တင်နဲ့...
တကယ်ကို နေမထိထိုင်မသာ...
အထင်နဲ့ အမြင်တွေ ကွဲလွဲ...
ခုနှစ်နှစ်တာဆိုတာ နည်းတယ်ထင်လား...
ကြားဖူးတဲ့ ပုံပြင်တွေ...
အစုံအစုံ ငါ့မှာ ရှိရဲ့..
ကြုံရင်တော့ ငါ ပုံအော...
မီးရှို့လို့ ရေစုံမြောပစ်ချင်တယ်...
တစ်နှစ်ချင်းစီက ဒါဏ်ရာတစ်ခုချင်းဆီကို ဘုံထုတ်...
ငါ တနုပ်နုပ်နဲ့ စိတ်ရှုပ်ခဲ့ရတာမှန်သမျှကို ဆုတ်ဖြဲ...
အပြဲအကွဲနဲ့ အလဲအကွဲလည်း ငါ ခံစားရတာများတော့...
ကျဲတောက်တောက် ပျော်ရွှင်မှုတွေကြား...
ငါဟာလည်း ပေါ့ပျက်ပျက်ပါပဲလား...

ကာရံမဲ့တဲ့ ငါ့ကဗျာတွေလို...
တာရာမဲ့တဲ့ အာကာပြင်လို...
သောကတွေပဲ ရှာကြံပေးတတ်တဲ့ ကံကြမ္မာနတ်ဆိုးလို...
လောက အထာမညက်သေးတဲ့ ငါကလည်း...
ပေါ့ပျက်ပျက် ပြီး ပေါ့ပျက်ပျက်...

ခါးသက်သက် ကော်ဖီတစ်ခွက်ရယ်...
ဆားအထပ်ထပ်ခတ်ထားတဲ့...
ငါ့အိပ်မက်တွေရယ်...
တလက်လက်နဲ့ ပြိုးပြက်နေကြတဲ့...
ကြယ်စင်လေးတွေရယ်...
ဓားထက်ထက်နဲ့ ပိုင်းခြမ်းခံလိုက်ရချိန်...
ငါ ခံစားလိုက်ရတယ်...
အရာအားလုံးဟာ ပေါ့ပျက်ပျက်...

Created By: k2tmaung (21 August 2009 Friday 04:08PM)
မှတ်ချက် - ခုလောလောဆယ်မှာ အရမ်းသဘောကျနေတဲ့ "ပေါ့ပျက်ပျက်" ဆိုတဲ့ စကားလုံးလေးကို 'တည်'ပြီး ကဗျာရေးကြည့်တာပါ... :) ကဗျာကလည်း ဆားလိုနေလို့ ပေါ့ပျက်ပျက်တော့ ဖြစ်နေလေရဲ့... :P

Reply to This

" ကားအဟောင်းတစ်စီးပိုင်ဆိုင်ခြင်း"

နာကျင်ခြင်းတွေ အစိမ်းလိုက်ကွာကျ
ဘယ်သူမှ မရေးဘူးသေးတဲ့ ဇတ်လမ်းထဲက ဇတ်လိုက်တစ်ယောက်လို ..
ငါ နင့်ကိုမချစ်တော့ဘူး..

ဆင့်ကဲဆင့်ကဲဖြစ်စဉ်တွေ ထဲမှာ
ငါက တစ်ဆင့်နိမ့်ကျန်ခဲ့ 
တစ်ကယ့်အဖြစ်အပျက်တွေက
အိမ်မက်တွေကို မိုးလို ရွာချစေတယ်..

ငါ့သွေးနဲ့ မရေးခဲ့ရတဲ့ သမိုင်း
အနာဂါတ်ဟာ လင်းသလားမှောင်သလား မသိတဲ့ ဘဝ
ဖြစ်ပျက်တွေ ကြားထဲက မဖြစ်မပျက်ကျန်နေတဲ့ ဝေဒနာ
ငါ့ကားကို သူမောင်းသွားတယ်..

သူငယ်ချင်းတစ်ယောက်ရေးတာက
“ ဟဲ့လောကဓံ ထစမ်း နင့်ဆီငါလာမလို့ တဲ့”
သူ ကြိမ်းလိုက်တဲ့လောကဓံက ကျွန်တော်ဘက် လှည့်လာတယ်
“ ဟဲ့လူမိုက်ထစမ်း..နင့်ဆီငါလာမလို့ တဲ့”

ကျွန်တော်ပြောလိုက်ပါတယ် မနှင်းဆီ
တိုက်ပွဲဝင် သူရဲကောင်းမဟုတ်ပေမဲ့..
ကိုယ်တို့ ခံစစ်ကို အသင့်ပြင်ထားပါတယ်လို့ ..

ဇာနည်ရေ..
ရဲ မင်းလတ်ကို တွေ့ ရင်ပြောလိုက်ပါ..
သစ်ပစ်ပေါ်တက်ထိုင်တဲ့ အချစ်ဟာ
ပြုတ်ကျသွားပြီလို့ ..


-----
မေ

သူငယ်ချင်းလဲဖြစ်အကိုတယောက်လိုလဲခင်မင်ရတဲ့
ကိုဇေယျာကြီးကပို့ပေးတာပါ
သူကဒီမှာတင်ပေးပါဆိုလို့
သူ့ရဲ့ခွင့်ပြူ့ချက်နဲ့အားလုံးခံစားနိုင်ဖို့
ပြန်လည်မျှဝေတာပါ

Reply to This

ဦးနှောက်ကို Format ရိုက်
နှလုံးသားကို Restart လုပ်ပြီး
အချစ်စစ်စစ်တွေကို update လုပ်ပြီးတာတောင်
နင့်ရဲ့ အချစ်တွေကို ဘာကြောင့် Download ချခွင့်မပေးသေးတာလဲ.....

Reply to This

နတ်ကလေး said:
ဦးနှောက်ကို Format ရိုက်
နှလုံးသားကို Restart လုပ်ပြီး
အချစ်စစ်စစ်တွေကို update လုပ်ပြီးတာတောင်
နင့်ရဲ့ အချစ်တွေကို ဘာကြောင့် Download ချခွင့်မပေးသေးတာလဲ.....


ကိုနတ်ကလေးရေ.. သေချာတယ်ဗျ... ဒါ Virus ကြောင့်ပဲဖြစ်မယ်..။
အဲ့ဒီတော့
သံယောဇဉ်တွေကို Back Up လုပ်
အိပ်မက်တွေကို CD နဲ့ခုတ်ပြီး
အချစ် window အသစ်ပြန်တင်
နှလုံးသားကိုတော့ Antivirus နဲ့ scan အမြဲလုပ်ပေးနေပေါ့...။
:P

ဝင်နောက်လိုက်တာနော်.. နတ်ကလေး..။ စိတ်မဆိုးနဲ့..။

Reply to This

ကျွန်တော့် ကောင်မလေးက ကျွန်တော့်အတွက်ခံစားပြီးရေးပေးထားတဲ့ ကဗျာလေးပါဗျာ ... ဟဲ ဟဲ ကြွားတာ ...

poem

Reply to This

Reply to This

RSS

Advertisement

Shwe Web Hosting

© 2010   Created by Myanmar Society.   Powered by .

Badges  |  Report an Issue  |  Terms of Service