Myanmar Online Society

Online society portal for Myanmar (Burmese) people around the world

ကိုကို

ဝန်ထမ်းတွေ ကိစ္စလေး ဆွေးနွေးချင်လို့ပါ...

ကျွန်တော် စီးပွားရေးသမားတစ်ယောက် မဟုတ်သေးပါဘူး... ဒါပေမယ့် ကြုံတွေ့နေရတဲ့ မြန်မာပြည်က companyတွေရဲ့ ပြသနာလေးတစ်ခုအတွက်ပါ...

တချို့ companyတွေက directors တွေက သူတို့လိုချင်တဲ့ အရည်အချင်းလောက် အကုန်ပြည့်ဝတဲ့လူကို လိုချင်နေကြပါတယ်.... အားမနာတမ်း ပြောရရင်... မြန်မာပြည်က များသောအားဖြင့် ၀န်ထမ်းတွေဟာ အလုပ်ခွင် အတွေ့အကြုံနည်းတာကတစ်ကြောင်း အထူးသဖြင့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလုပ်နိုင်လောက်တဲ့ အရည်အချင်းတွေမရှိသေးတာကတစ်ကြောင်း နောက်ပြီး သူတို့ရဲ့လက်ရှိအခြေအနေတွေကို ကျေနပ်နေတာကတစ်ကြောင်း... (ဘယ်သူမှ ငါဒီနေ့ company ၀န်ထမ်းဖြစ်နေပေမယ့် တစ်ချိန်ကြရင် ဒီလိုcompany တစ်ခုထောင်နိုင်အောင်ကြိုးစားမယ်ဆိုပြီးလည်း အိပ်မက်တွေ မမက်ဘူးကြဘူး).. ကြောင့် company director တွေအနေနဲ့ တော်တော်ခေါင်းစားနေရပါတယ်....

of course ဗျာ ပိုက်ဆံအများကြီးပေးနိုင်ရင် နိုင်ငံတကာကလူတွေ ငှားသုံးနိုင်ပေမယ့် ဘယ်သူသုံးရက်လဲဗျာ... အဲ့ဒီလို နိုင်ငံခြားက၀န်ထမ်းတွေရသလောက် တို့ဝန်ထမ်းတွေ မရကြလို့လဲ မကြိုးစားကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်... အဲ့ဒီတော့ directors တွေက မလုံလောက်ဘူးထင်ရင် လူထပ်တိုးကြကွာ... လက်ရှိဝန်ထမ်းတွေရဲ့လက်ရှိ အရည်အချင်းနဲ့တော့ လစာအများကြီးထပ်ပေးပြီး မက်လုံးမပေးချင်ဘူးလို့ဆိုကြပါတယ်... လူများတော့လည်း ခေါင်းပိုခြောက်တယ်ဗျာ... adminကောင်းကောင်းမရှိတဲ့ companyဆို တော်တော်ကို ကျဉ်းထဲကျပ်ထဲ ၀န်ထမ်းကြောင့်ပဲ ရောက်ရောက်သွားတာခဏခဏပါပဲဗျာ.....

ဝူး..အစ်ကိုအစ်မတို့ရေ ဘယ်လိုလုပ်သင့်လဲဆိုတာ ကြိုးစားပေးကြပါအုန်း....

Reply to This

Replies to This Discussion

ကိုကိုကိုရေ.... ဒါလေးကတော့ HR အပိုင်းလေးဖြစ်နေပြီနော်...မနိုရာ အခုစာတမ်းရေးနေတာအဲဒီပြသနာလေးနဲ့ နည်းနည်းဆင်တယ်... ဟဲဟဲ.. ထားလိုက်ပါ... ပညာရပ်တစ်ခုဖြစ်နေလို့ အတိုချုပ်တစ်ခဏဆွေးနွေးလို့တော့ မလွယ်ဘူးပေါ့နော်...

Anyway မြန်မာပြည်က ၀န်ထမ်းတွေအရည်အချင်းမရှိဘူး၊ သိပ်မကြိုးစားဘူးလို့ တစ်ဖက်သတ်တော့ ပြောလို့မရပါဘူး။ အမှန်အတိုင်းပြောရရင် အဲဒါက အုပ်ချုပ်သူခေါင်းဆောင်ရဲ့ အရည်အချင်းပါ။ ၀န်ထမ်းရှာဖွေရွေးချယ် (Recruitment and Selection) တဲ့နေရာမှာ စနစ်တကျရွေးချယ်တတ်ဖို့ကလည်းတကဏ္ဍ၊ Job description and job specification ကိုလည်း HR manager and Line Manger တွေက သေချာပြင်ဆင်ပြီး စံနှုန်းနဲ့ရွေးချယ်နိုင်ဖို့၊ (စံနှုန်းလို့ပြောတဲ့နေရာမှာ လိုချင်တဲ့အရည်အချင်းနဲ့ တတ်နိုင်တဲ့ budget ပါဝင်ပါတယ်)၊ ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေကို လိုအပ်တဲ့သင်တန်းပေးဖို့၊ knowledge ပေးဖို့၊ တိုးတက်စေဖို့၊ ၀န်ထမ်းဟောင်းတွေအပေါ်မှာလည်း skills and knowledge update ဖြစ်ဖို့၊ ကုမ်ပဏီရဲ့ vision & mission ကို သိရုံမကပဲ နှိုးဆော်ပေးနေစေပြီး သူတို့ဆီက ဘာ မျှော်လင့်တယ်ဆိုတာ အလုပ်စခန့်ကတည်းက ရှင်းရှင်းလင်းလင်းသိစေဖို့၊ သူတို့ကြိုးစားရင်ကြိုးစားသလောက်အသိအမှတ်ပြုပေးတဲ့စနစ်ရှိဖို့၊ Reward system ကလည်းအရေးကြီးပါတယ်။ Reward လို့ ပြောတဲ့နေရာမှာ ပိုက်ဆံအပိုဆု (bonus) တို့ဘာတို့ကို ပဲ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ခြား ငွေသားမဟုတ်တဲ့ ဆုလဒ်တွေ တီထွင်ရင်ထွင်နိုင်သလောက်နဲ့ ၀န်ထမ်းတွေကို ပိုကြိုးစားချင်အောင် motivate လုပ်ပေးလို့ရပါတယ်။ ၀န်ထမ်းတွေနဲ့ အုပ်ချုပ်သူကြားက ဆက်ဆံရေး၊ ၀န်ထမ်းအချင်းချင်းဆက်ဆံရေးတွေကလည်း တစ်ကဏ္ဍပါဝင်ပါတယ်။ ၀န်ထမ်းတွေကို အရည်အချင်းမြှင့်တင်မှုလုပ်ပေးပြီး သူတို့ကို ခိုင်းမှ လုပ်တတ်တဲ့ အတွေးအခေါ်အကျင့်ကနေ ကိုယ်ကိုယ်တိုင် စဉ်းစားတွေးခေါ်ပြီးကိုယ့်အထင်အမြင်အကြံအစဉ်ကို တင်ပြအစပြုလုပ်ဆောင် စေတာကလည်း တိုးတက်စေတဲ့ ကဏ္ဍလေးတစ်ခုပါ။ ဒါအုပ်ချုပ်သူရဲ့ အရည်အချင်းဖြစ်သွားပါပြီ။ ကုမ်ပဏီက သူ့ပတ်ဝန်းကျင်မှာ competitive ဖြစ်နေစေဖို့၊ အောင်မြင်နေစေဖို့က အုပ်ချုပ်သူရဲ့ အရည်အချင်းပါ။ ဈေးကွက်နဲ့ အခွင့်အရေးတွေကိုမြင်နိုင်ဖို့လုပ်ဆောင်တာ အရေးကြီးသလို အဲဒါတွေကို အောင်မြင်အောင်လုပ်ဆောင်ပေးနေတဲ့ ၀န်ထမ်းတွေရဲ့ ပါဝင်မှုက အင်မတန်အရေးကြီးပါတယ်။ ၀န်ထမ်းတွေကို ကောင်းကောင်းမအုပ်ချုပ်နိုင်ဘူးဆိုရင် ကုမ်ပဏီရဲ့ အောင်မြင်မှုကို သူတကယ်ရောက်နိုင်တဲ့အမြင့်ဆုံးကို ရောက်ဖို့ ဖင့်လေးနေပါလိမ့်မယ်။
မနိုရာ အမြင်မှာတော့ မြန်မာပြည်က City Mart ရဲ့ HR လုပ်ဆောင်မှုက တော်တော်လေး ကောင်းတယ်ထင်တယ်။ ၀န်ထမ်းအုပ်ချုပ်ရေးနဲ့ လုပ်ငန်းအောင်မြင်မှု ဆက်ဆံပုံကို City Mart ပိုင်ရှင်ကတော်တော်လေး နားလည် အသုံးပြုနေတယ်လို့ မနိုရာတော့မြင်မိတယ်။ မနိုရာ မမြင်တဲ့ အပိုင်းလည်းရှိပါလိမ့်မယ်။

သြော် နောက်တစ်ခုက... မြန်မာပြည်မှာ ၀န်ထမ်းအလုပ်သမားတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးမဲ့ အလုပ်သမားဥပဒေ ခိုင်ခိုင်မာမာကလည်းမရှိ၊ အလုပ်ပေးနိုင်တဲ့အနေအထားကလည်းနည်း၊ လုပ်သားဦးရေကများပြီး အလုပ်အခွင့်အရေးကနည်း (အလုပ်သမားတွေအတွက် ရွေးချယ်ခွင့်မရှိဘဲ ရရာအလုပ်ကို လုပ်နေရတဲ့ အနေအထားလေးပါ)၊ အခွန်နဲ့ အဂတိလိုက်စားမှုကလည်းရှိ၊ Favoritism ကလည်းရှိ၊ မိသားစုလုပ်ငန်းတွေကလည်းများ၊ အုပ်ချုပ်မှုပိုင်းမှာလည်း profession ဆန်ဖို့နည်းနည်းအားနည်း၊ ၀န်ထမ်းစီမံခန့်ခွဲရေးနဲ့ လုပ်ငန်းအောင်မြင်မှု ဆက်စပ်နေကြောင်းကို သိပ်ပြီး pay attention မလုပ်နိုင်သေးတာက တစ်ကြောင်း၊ အဲဒီကဏ္ဍမှာ ရင်းနှီးမြှပ်နှံမှုသိပ်မလုပ်ချင်ကြသေးတာကတစ်ခု၊ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍကလည်းတစ်ချက်၊ ...... စသည် စသည် ဖြင့်ပေါ့.. အဲဒါတွေကလည်း လုပ်ဆောင်တဲ့နေရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။

တော်တော်လေးရှည်သွားတာ ခွင့်လွှတ်ပါ။ အားလုံးကို မြန်မာလိုရေးဖို့ သိပ်အဆင်မပြေလို့ သူ့ကဏ္ဍထဲက Term အလိုက်ပဲ သုံးထားလိုက်မိပါတယ်... မနိုရာ ပြောတာ ရှုပ်ရင် ရှုပ်နေမှာနော်... အများကြီးဆိုတော့ ဘယ်ကဘာကို စပြောရမှန်းမသိလို့....ထင်တာလေးပဲ ပြောလိုက်တာ..တော်တော်ရှည်သွားတယ်။ :) ဘာပဲပြောပြော ဒီကဏ္ဍလေးကိုတော့ ကြိုက်သွားတယ် ကိုကိုကိုရေ....

အားလုံးကို ချစ်ခင်လေးစားလျှက်.... မနိုရာ

Reply to This

ကိုလင်းလက်နဲ့ မနိုရာ ကိုကျေးဇူးတင်ပါတယ်ဗျာ....

နောက်ထပ်မေးချင်တာလေးက ဒီလိုပါ... ကျွန်တော့်အသိ ကုမ္ပဏီတစ်ခုရဲ့ လက်ရှိပြသနာလေးတစ်ခုကို ဆွေးနွေးချင်လို့ပါ... အဲ့ဒီကုမ္ပဏီက video production ကနေ tv brocasting ထိတစ်ဆင့်ပြီးတစ်ဆင့် နိုင်ငံတကာထိပေါက်ရောက်အောင် ကြိုးစားအကောင်အထည်ဖေါ်နေတဲ့ကုမ္ပဏီပါ.... တချို့ directorsတွေဆိုတာ နိုင်ငံတကာအတွေ့အကြုံတွေနဲ့ တကယ်လုပ်နိုင်ကိုင်နိုင်တဲ့သူတွေပါ... အဲ့ဒီတော့ နောက်ပိုင်းသူတို့လုပ်ရမှာတွေများလာတဲ့အခါကြတော့... သူတို့အစားသူတို့လို လုပ်နိုင်မယ့်လူတွေ ခေါ်ချင်ပြန်ရော.. တစ်နည်းအားဖြင့် တို့လူငယ်တွေကို သင်ရင်းပြရင်းနဲ့ အလုပ်ပေးမယ်ပေါ့...

အဲ့ဒါနဲ့ပဲ သတင်းစာထဲက လူသစ်တွေခေါ်တယ်... ဘယ်လိုအရည်အချင်းမျိုး.... ဘယ်လိုအတွေ့အကြုံရှိပြီးသားလူ စသည်ဖြင့်ပေါ့... အဲ့ဒီထဲကမှ ပညာရှင်တွေက ရွေးထုတ်ကြတယ်..(ပညာရှင်ဆိုတာ လေးစားသမှုနဲ့ပါ... များသောအားဖြင့်ကတော့ ပညာသည်တွေပါ... ) ပြီးတော့ အဲ့ဒီရွေးချယ်ပြီးသားလူတွေကို တစ်လတန်သည် နှစ်လတန်သည် သင်တန်းပေးပါတယ်... အဲ့ဒါ..လစာပါပေးပြီး... သင်တန်းကလည်းfreeနော်... သင်တာက ကိုယ်လိုသူလိုတွေထက်... တကယ်အတွေ့အကြုံရှိတဲ့လူတွေနဲ့ သင်ပေးတာပါ...

အဲ့ဒီလူသစ်တွေက... အရမ်းကိုfreedomဖြစ်နေသလို ခံစားရတယ်.... အစကတည်းက မကြိုးစားတဲ့လူ သင်တန်းပြီးရင် ဖြုတ်မယ်ပြောလည်း သိပ်ဂရုမစိုက်သလိုပဲ... တချို့ကတော့ သူ့ဟာနဲ့သူ နှုတ်ထွက်သွားကြပါတယ်... (သူအဲ့ဒီလောက်ထိတော့ မမျှော်လင့်ထား မလုပ်နိုင်ဘူးပေါ့...) ကဲ ကျန်တဲ့လူတွေ... သင်တဲ့ဆရာကလည်း စိတ်ပျက်... အစက သူတို့တွေပြောထားတဲ့ အရည်အချင်းတွေလောက်လဲ မတွေ့ရ.... ကြိုးစားမှုအပိုင်းမှာလည်း.. ကိုယ့်ဘ၀အတွက်လို့ မတွက်ပဲ... အပြင်ကျောင်းသင်တန်းတစ်ခုတတ်သလို...ပေါ့ပေါ့ပါးပါးပဲ.... ဒါနဲ့ပဲ မလွှဲသာလို့ အတင်းကြီးအကောင်းဆုံးကိုရွေးပြီး ခန့်လိုက်ပြန်ရင်လည်း.... ၅ယောက်လောက်မှာမှ ၁ယောက်၂ယောက်လောက်ရတာ.. အဲ့ဒီတော့ ကျန်တဲ့ သုံးယောက်လောက်က အဖျက်သမားနေဖြစ်နေပြန်ရော... ချက်ချင်းကြီးပြန်ထုတ်ရအခက်... သူတို့တွေကို လစဉ် bonusတွေ awardတွေနဲ့ မြူဆွယ်လည်း လားလားမှ ခေါင်းမထောင်ဘူး... ဘာတွေလဲပေါ့.... ကုမ္ပဏီ ဒါရိုက်တာတွေဆို အားမရလိုက်တာ အားမရလိုက်တာနဲ့ နောက်ဆုံး ငါတို့ ၀ဋ်ကြွေးတွေမကုန်သေးလို့ ဆပ်နေရတာလို့ပဲ ဖြေဆယ်ရတော့တယ်....

အဲ့ဒီတော့ သူ့departmentနဲ့ သူ့ဟာသူ အဲ့ဒီလို အရည်အချင်းမပြည့်မှီတဲ့ လူတွေများလာတော့ ကုမ္ပဏီမှာ ၀န်ထမ်းဦးရေတွေ သောက်သောက်လဲများလာတယ်.. အရေးပါအရရောက်တဲ့လူတွေကတော့ ခပ်နည်းနည်းပဲ.... အဲ့ဒီတော့ ဒါရိုက်တာတွေအနေနဲ့လူလိုနေတာလည်းသိတယ်... လူပိုနေတာလည်းသိတယ်.... လူလည်းထပ်မဖြည့်ရဲသလို... လူလည်းချက်ချင်းကြီး မထုတ်ပြစ်ရဲဘူး... တော်တော်ကို ကျဉ်းထဲကျပ်ထဲရောက်နေသလိုပါပဲ....

အဲ့ဒီလို ကျွန်တော့်အသိ..ဆိုပေမယ့် ကျွန်တော်ထက်အများကြီးအသက်ကြီးပါတယ်... သူ့ရဲ့အခက်အခဲတချို့ကို လာပြောပြလို့ အစ်ကိုတို့အစ်မတို့နဲ့ ကြုံတုန်းလေးဆွေးနွေးချင်လို့ပါ... ကျွန်တော်ထင်တာတော့ သူတို့တွေလူရွေးနဲ့နေရာမှာများ မှားနေလို့လား ဒါမှမဟုတ် လူတစ်ဦးစီရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုအပိုင်းကို သေသေချာချာ ဂဂဏဏမသိလို့များလားလို့... ဘာမှားနေတယ်ထင်လဲ ပြောပြပေးပါအုန်း..

Reply to This

ကိုကိုကိုရေ.....၀န်ထမ်းကို ချက်ချင်းဖြုတ်တယ်ဆိုတာ နိုင်ငံတကာမှာ ဥပဒေရှိတယ်နော်။ မြန်မာပြည်မှာတော့ ဖြစ်နိုင်တယ်။

ကိုကိုကို ပြောသလို သူတို့ ၀န်ထမ်းရှာတဲ့နေရာ၊ ရွေးချယ်တဲ့နေရာမှာ လိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ reference ကိုရော ကြည့်လားမသိဘူး။ အဲဒါ အဲဒီခန့်မဲ့ဝန်ထမ်းရဲ့ အရည်အချင်း၊ ယုံကြည်ရမှုကို ဆုံးဖြတ်ဖို့ အထောက်အကူဖြစ်စေတယ်။ ရုံးမှာ လူပိုတွေ များနေပြီဆိုတာကတော့ အင်း အစကတည်းက ၀န်ထမ်းခန့်အပ်အုပ်ချုပ်ရေးဆုံးဖြတ်လုပ်ဆောင်ချက်တွေ နည်းနည်းလိုနေပြီထင်တယ်။ ၀န်ထမ်းတစ်ယောက်ငှားတယ်ဆိုတာ အမှန်တော့ ကုန်ကျစရိတ်အရမ်းများပါတယ်။ သေချာစိစစ်ရွေးချယ်ဆုံးဖြတ်ဖို့လိုတယ်လေ။ ဥပမာ - recruit လုပ်တဲ့အခါ် potential candidate ရှိတဲ့နေရာမှာ ရှာတာမျိုး၊ video editing သင်တန်းကျောင်းမှာ အလုပ်ခေါ်စာကပ်တာမျိုး၊ ယဉ်ကျေးမှုကျောင်းမှာ အလုပ်ခေါ်စာကပ်တာမျိုး၊ သင်တန်းကျောင်းနဲ့ပေါင်းပြီး တော်တဲ့စိတ်ဝင်စားတဲ့လူကို ရှာတာ၊ အခွင့်အရေးဆွဲစောင်တာမျိုး၊ သူ့ Field နဲ့သူပေါ့နော်။ အဲဒါမျိုးလည်း လုပ်နိုင်တယ်။ သင်တန်းပေးတယ်ဆိုတာ အရမ်းအကုန်အကျများတဲ့ ရင်းနှီးမြှပ်နှံမှုတစ်ခုပါ။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းတော့ရှိဖို့လိုလိမ့်မယ်။ လွတ်လပ်လွန်းနေတယ်ဆိုကတည်းက တစ်ခုခုလိုအပ်နေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ယုံကြည်စိတ်ချရတဲ့သူဖြစ်ဖို့အတတ်နိုင်ဆုံးရွေးချယ်ရမှာပဲ။ ဒါကြောင့် ရွေးချယ်တဲ့နေရာမှာ မနိုရာတို့ဆီမှာဆိုရင်တော့ psychology test တွေဘာတွေ လုပ်တာပါရှိတယ်။ ပြောတဲ့အရည်အချင်းအတိုင်းမဟုတ်ဘူးဆိုတဲ့နေရာမှာလည်း စရွေးချယ်ကတည်းက skill test လုပ်ထားတာမျိုးလည်းရတယ်။ အခြေအနေ Field ပေါ်မူတည်ပြီးပြောတာနော်။ Test လုပ်တဲ့နည်းအများကြီးပေါ့နော်။ အရည်အချင်းနဲ့အတွေ့အကြုံအပြင် စိတ်ဓာတ်ကိုပါသိအောင်လေ့လာတာမျိုးပေါ့။ Reference ထောက်ခံပေးမှုကို စိစစ်တာမျိုးရောပေါ့။ အဲဒါမှ ဘယ်လောက်ယုံကြည်စိတ်ချအားကိုးလို့ရတဲ့လူစားလည်းဆိုတာဆုံးဖြတ်တဲ့နေရာမှာ အထောက်အကူပေးတာပေါ့နော်။ အဲဒါကြောင့် ၀န်ထမ်းရှာဖွေရွေးချယ်ခန့်အပ်တယ်ဆိုတာ အရမ်းအရေးကြီးပြီး ကုန်ကျစရိတ်လည်းများတယ်။ ဒါပေမဲ့ အရည်အချင်းရှိတဲ့ဝန်ထမ်းကောင်းတစ်ယောက်ရဖို့လည်း အရေးကြီးတယ်လေ။

ခုကတော့ ပိုင်ရှင်ဘက်က မြင်နေတဲ့ပြသနာအရ မှန်းကြည့်တာ။ မှန်ချင်မှ မှန်လိမ့်မယ်။ အမှန်တကယ် ဖြေရှင်းဖို့ဆိုရင်တော့ professional တစ်ယောက်နဲ့ (ဥပမာ - OD practitioner, HR practitioner, or Training analysis လုပ်ပေးတဲ့သူ ဘယ်လိုခေါ်လဲမေ့နေလို့ ဟဲဟဲ)Training needs analysis လုပ်ဖို့လိုလိမ့်မယ်။ အုပ်ချုပ်သူ၊ ပိုင်ရှင်၊ ဆရာ၊ ၀န်ထမ်း၊ သင်တန်းသား အားလုံးကို လေ့လာမေးမြန်း၊ ကုမ်ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ vision & mission တွေ၊ employee manual အဲဒါတွေက အစ ပြန်စိစစ်လေ့လာဖို့လည်းလိုတတ်ပါတယ်။ ပြီးမှ ဘာလိုအပ်ချက်ရှိနေလဲ၊ ဘာတွေလွဲနေတယ်ဆိုတဲ့ ရောဂါကို ရှာလို့ရမှာပါ။ ရောဂါအစစ်အမှန်ရှာတွေ့မှ ထိရောက်တဲ့ဆေးကို ပေးလို့ရမှာပေါ့နော်။ မြန်မာပြည် ကုမ်ပဏီအတော်များများမှာ ဒါမျိုးပြသနာတွေရှိတယ်လို့တော့ မနိုရာထင်တယ်။ ကိုလင်းလက်ပြောသလိုပေါ့ professional မဆန်နိုင်ကြသေးဘူးလေ။ မိသားစုပုံစံဆိုရင်လည်း ပိုင်ရှင်က တော်ရုံနဲ့ authority ကို centralized လုပ်လွန်းပြီး ကိုယ်သာအတတ်ဆုံးယူဆပြီး စိတ်ချလက်ချတာဝန်မလွှဲပေး၊ လွှဲပေးနိုင်အောင် ၀န်ထမ်း၊ လက်ထောက်တွေကို empowerment မလုပ်ပေးနိုင်၊ ဆူဆူဆဲဆဲ လုပ်သမျှလိုက်ပြော၊ အားပေးမှု၊ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုတွေမရှိနဲ့ Professional ဆန်ဖို့နည်းနည်းအခက်တွေ့နေကြဆဲပါ။ ပိုင်ရှင်တွေလည်း ဒီအုပ်ချုပ်ရေးပိုင်းတွေမှာ Professional တွေငှားဖို့လိုတာမသိတာရှိသလို၊ မရင်းနှီးချင်တာလည်းရှိတတ်ကြပြန်ရော။

နောက်ပြီး ၆ လ probation period အတွင်းမှာ ၀န်ထမ်းတွေကို တိုးတက်အောင်ကြိုးစားဖို့ အခွင့်အလမ်းနဲ့ စိတ်ဓာတ်မြှင့်တင်ရေး၊ Learning environment တွေလုပ်ပေးလို့ရပါတယ်။ အဲ ဒီ ၆လအတွင်းမှာ မကြိုက်ရင် ထုတ်လို့ရတယ်။ probationary period ပြီးရင်တော့ ၀န်ထမ်းတစ်ယောက်ကို မကြိုက်လို့၊ အရည်အချင်းသဘောမကျလို့ဆိုပြီး ထုတ်ချင်တိုင်းထုတ်လို့မရတော့ပါဘူး။ ထုတ်ရင်လည်း ဥပဒေကသတ်မှတ်ချက်နဲ့အညီ လုပ်ဆောင်ရပါတယ်။ မြန်မာပြည်မှာတော့ ဥပဒေအားနည်းချက်နဲ့ လူတွေရဲ့အသိနဲ့ လုပ်ပိုင်ခွင့်မသိတာရယ်၊ မရှိတာလေးတွေရှိနေတော့......မမျှတမှုဆိုတာတွေလည်းရှိနေတတ်ပါတယ်။

အဲ အကောင်းဆုံးအကြံကတော့..... မနိုရာကို ငှားလိုက်ပါလို့...ဟဲဟဲ။ စတာပါနော်။ မနိုရာလည်းစာတွေ့လေးတွေသာ ဝေမျှနေတာပါ။ လက်တွေ့တော့မပြောတတ်သေးဘူး။ နိုင်ငံမတူတော့ အမှန် မြန်မာပြည်အနေအထားနဲ့ ကိုက်အောင်၊ လုပ်ဆောင်တတ်အောင် တော်တော်တော့ လေ့လာရဦးမယ်ထင်တယ်။ အလုပ်သမားဥပဒေကောင်းကောင်းမရှိတာကလည်း ပြည်သူလုပ်သားတွေအတွက် အခက်ပါပဲ။

ကိုကိုကို ရေ.... မနိုရတော့ ကိုကိုကို မေးတာကို ဖြေမိရဲ့လား၊ ချော်ပြီးဖြေနေပြီလားမသိဘူးနော်။ ဘာပဲပြောပြော...ဒီကဏ္ဍလေးကို တအားသဘောကျနေတယ် ကိုကိုကိုရေ.....

ခင်လျှက်
မနိုရာ

Reply to This

အဲ...အားလုံးက သူမသာ၊ ကိုယ်မသာ...ဘယ်သူမှ မကြိုးစား၊ နည်းနည်းပါးပါးကြိုးစားပန်းစားလုပ်ပေမဲ့ တစ်ယောက်မှ အရည်အချင်းမမှီရင်ကော...ဒါမှမဟုတ် စကတည်းက သိပ်ဝါသနာပါလို့မဟုတ်ဘဲ လခရလို့လုပ်တဲ့သူတွေကို ခန့်ထားမိရင်ကော...အဟမ်းအဟမ်း...

ဝန်ထမ်းတွေထဲက ပြန်လှန်အမှတ်ပေးစနစ်သုံးဖို့ သင်တန်းပေးရဦးမှာနော်...ပြောင်ချော်ချော် ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးလိုက်ပြီးပေးဖို့တော့များတတ်သား (ချမှတ်ထားတဲ့အစီအစဉ်ရှိရင်တောင်မှ)။ မြန်မာပြည်သားတွေ အဲဒါမျိုးနဲ့ သိပ်မရင်းနှီးတာများတယ်နော်..empowerment လေးလိုမယ်ထင်လို့ပါ....ဟဲဟဲ...အဆိုးဆုံးအခြေအနေလေးကို စဉ်းစားကြည့်တာပါ...း)

Reply to This

ဟုတ်တာပေါ့ လင်းလက်ရယ်...မနိုရာ လုံးဝထောက်ခံတယ်...ပြောင်းလဲမှုတစ်ခုလုံးက တစ်ဦးတစ်ယောက်ကစပြီးပြောင်းလဲခြင်းကနေ စတာပါပဲ။ အဲဒီလမ်းစဉ်နဲ့မူကောင်းရုံမက ဦးဆောင်လမ်းပြတဲ့သူရဲ့ အရည်အသွေးလည်းပါတယ်နော်.... ဒါကြောင့် ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းက အရမ်းစကားပြောတယ်.. လူတွေက ဒါလုပ် ဒါလုပ် လိုက်မောင်းနေတာထက်...အဲဒီလူတွေ ကိုယ်လိုချင်တဲ့ ပုံဖြစ်အောင်၊ ကိုယ်လိုချင်တဲ့ လမ်းပေါ်ရောက်အောင်၊ ကိုယ်လျှောက်တဲ့အတိုင်း လိုက်လျှောက်ချင်လာအောင်၊ ကိုယ့်နောက်မှာ ဘယ်နှစ်ယောက်ပါအောင်ဆွဲဆောင်နိုင်သလဲ... စသဖြင့်ပေါ့လေ....

Reply to This

အထူးတလည် ကျေးဇူးတင်ပါတယ်... မနိုရာ နဲ့ ကိုလင်းလက်....
ကိုလင်းလက်ရဲ့ အစီအစဉ်ကြီးကတော့ ဆိုင်းငံ့ ဆိုင်းငံ့ဖြစ်နေပြီ.... လုပ်ပါဦး resultsတွေထွက်လာပါပြီးတဲ့ ပြီးတော့ကော... ကုမ္ပဏီရဲ့ တာဝန်ရှိသူအနေနဲ့ ယူထားတာ အတော်ကြာနေပြီနော် ကိုလင်းလက်... ဘယ်လိုစွဲချရမလဲ မသိဘူး.. okayဗျာ... let's go to the point...

ဒီကိစ္စလေးကို ကျွန်တော့်အသိမိတ်ဆွေနဲ့ တိုင်ပင်ကြည့်ပါတယ်... သူ့ကို အစ်ကိုတို့ အစ်မတို့ရဲ့ စကားလုံးတွေနဲ့ တန်ပြန်ဆွေးနွေးကြည့်တာပါ...
သူလိုချင်နေတဲ့ အရည်အချင်းတွေအတွက်လည်း အမြဲတန်းငတ်မွတ်နေဆဲပါတဲ့.... သူပြောတဲ့ပုံစံအရဆိုရင် မြန်မာပြည်မှာ အလုပ်လုပ်ဖို့အတွက် အရေးကြီးဆုံးက ပါးစပ်တဲ့... ပြောတတ် ဆိုတတ် ကပ်တတ်ရင် အလုပ်တစ်ခုပြီးပြီလို့ ပြောလို့ရတယ်.... နိုင်ငံတကာမှာ လိုအပ်တာတော့ အရည်အချင်း... ပြီးတော့ မြန်မာပြည်ကကုမ္ပဏီတွေမှာ အဓိက အားနည်းနေတာက project management.. နိုင်ငံခြားက ကုမ္ပဏီတွေဆို everything is going by plan or calendar... အဲ့ဒီတော့ ဘယ်အပတ် or ဘယ်လက နေ ဘယ်လအထိ ဘာလုပ်ရမယ်ဆိုတာ သိပြီးသား.. တို့နိုင်ငံမှာ ကျတော့ even we have plans... we still have to follow what the rules has been planted... တစ်ခုခုဆို အထက်က လူကြီးတွေ၊ အာဏာရလူတွေရဲ့ လက်မှတ်တွေ... ဒါမှမဟုတ် ထောက်ခံမှုတွေကို စောင့်ရသေးတော့ အမြဲတန်းလိုလို အခြေနေအရပဲ မီးစဉ်ကြည့်ကနေရတဲ့သဘောမှာ ရှိတယ်... အဲ့ဒီတော့ တခါတရံ အလျင်စလိုလုပ်ရတဲ့အချိန်တွေရှိတယ်... တစ်ချိန်နဲ့ တစ်ချိန်လည်း လိုအပ်တာတွေက ပြောင်းလဲနေတယ်... ဒီနေရာမှာ ဒီအရည်အချင်းရှိတဲ့လူလိုတယ်... ဒီတချိန်မှာတော့ တခြားအရည်အချင်းရှိတဲ့လူလိုတယ်... အဲ့ဒီတော့ သူပြောချင်တာက ဟုတ်ပါတယ်... လူတစ်ယောက်တည်းက တစ်ကြိမ်မှာ တစ်ခုပဲလုပ်နိုင်သလို... အရည်အချင်းများစွာ အထူးသဖြင့် fieldတော်တော်များများမှာ ကျွမ်းကျွမ်းကျင်ကျင်နေရာကျဖို့ဆိုတာ ခက်ခဲပါတယ်... ဒါပေမယ့် မမြင်ရသေးတဲ့ အလုပ်တွေအတွက် ကြိုပြီးတော့လည်း အလုပ်ခန့်မထားချင်ဘူးတဲ့...

အဲ့ဒီတော့ ရှိတဲ့လူတွေကိုနဲ့ပဲ သူတို့ကို သင်ပေးရင် ကြိုးစားအကောင်အထည်ဖော်ရပါတယ်.. ဒါပေမယ့် တော်တော်များများက အလုပ်အသစ်ဆိုတာနဲ့ tryကြည့်ဖို့နည်းနည်းတုန်နေကြပြီ... ကိုယ်fieldထဲကဆိုပေမယ့် မလုပ်ဖူးမကိုင်ဖူးတော့ မှားသွားမှာလည်းကြောက်ရ... အဓိကကတော့ စိမ်ခေါ်ရဲတဲ့ သတ္တိရှိတဲ့လူ တော်တော်နည်းနေလို့ပါ... အဲ့ဒီတော့ ကိုယ့်ရဲ့project တွေထဲမှာ foulsတွေနည်းနည်းဖြစ်... လူကြီး၊ ၀န်အကြီးကြီးကိုင်ရတဲ့လူတွေက အကြီးကြီးတွေပဲမြင်တာ.. ဒါပေမယ့်အဲ့ဒီ အကြီးကြီးတွေဆိုတာ တခြားလူတွေမမြင်တဲ့ အသေးအမွှားလေးတွေပါတဲ့... အဲ့ဒါကြောင့်လည်း အလုပ်ကထောင့်နှေးတတ်ပါတယ်... အဲ့ဒီတော့ ဘာလုပ်ရလည်းဆိုတော့ တခြားကုမ္ပဏီတွေ အထူးသဖြင့် နိုင်ငံခြားကသူတွေ ပြီးစီးထားတဲ့ plansတွေကို downloadလုပ်.. သူတို့အတိုင်းခိုးချ... နည်းနည်းပါးပါးတော့ပြင်တာပေါ့လေ... အဲ့...ဒီအပိုင်းကျတော့ သူ့လူတွေက တော်တယ်တဲ့... ချီးကျူးစရာပါပဲ...

နောက်ဆုံးသူကျွန်တော့်ကို ဥပမာလေးတစ်ခုပြောသွားတာ တော်တော်အတုယူဖို့ကောင်းပါတယ်....

ရေစီးကြောင်းလေးအတိုင်း ရေတွေဟာစီးဆင်းနေတယ်... အဲ့ဒီမှာ သစ်ရွက်ကလေးတွေလည်း မျောပါနေတယ်... တနေရာရောက်တော့ အဲ့ဒီရေစီးကြောင်းရဲ့ အလယ်မှာ ကျွန်းလေးလိုအစိုင်အခဲ တစ်ခုက ကန့်လန့်ခံနေတယ်... အဲ့ဒီတော့ သင်သာသစ်ရွက်ကလေးဆိုရင် အဲ့ဒီအစိုင်အခဲကို တည့်တည့်တိုက်ပြီးဆက်သွားဖို့ကြိုးစားမလား ဒါမှမဟုတ်ငြိမ်ငြိမ်လေးနေပြီး ရေစီးကြောင်းလေးအတိုင်း ဘေးကဖြတ်သွားမလား.. ??? မြန်မာပြည်မှာဆိုရင်တော့ ရေစီးကြောင်းလေးအတိုင်းမျောလိုက်သွားတာ ပိုကောင်းပါတယ်တဲ့...

ဒါပေမယ့် တခါတခါကြတော့ အဲ့ဒီအစိုင်အခဲက ရေပေါ်သိပ်မရောက်ပဲ... ရေစီးကြောင်းလေးအတိုင်းကျော်သွားလို့ရတဲ့ အနေအထားမျိုးမှာဆိုရင်တော့ သင့်မှာ optionနှစ်ခုရှိသွားပြီ.... သင်သာဆိုရင် ဘယ်လမ်းကလေးကလိုက်မလဲတဲ့...???? သူကတော့ ကျော်မယ်လို့ဖြေတယ်... ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါဟာလည်း ရေစီးကြောင်းလေးတစ်ခုပဲလို့ပြောတယ်...

ကဲ အစ်ကိုတို့ အစ်မတို့ ဘယ်လိုသဘောပေါက်လဲ မသိဘူး.. ကျွန်တော်ကတော့ ခေါင်းတညိမ့်ညိမ့်နဲ့ပဲ... တစ်ခန်းရပ်သွားတယ်လို့ပဲ...

Reply to This

ကိုကိုကိုရေ... မနိုရာကတော့... မလုပ်နိုင်၊ မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလို့ယုံသေးတယ်.....ဘယ်လို မှန်ကန်စွာ ကိုင်တွယ်ရမလဲပဲရှိပါလိမ့်မယ်... မြန်မာပြည်မှာ ပါးစပ်နဲ့လုပ်စားရတယ်ဆိုတာလည်း အရည်အချင်းတစ်ခုပဲလေ။ Interpersonal skills, multi tasking skills တွေပဲလေ။ ရှိမှာပါ။ လေ့ကျင့်ပေးလို့ရတဲ့သူရှိပါလိမ့်မယ်... ကြိုမြင်ထားတယ်ဆိုတော့ ပိုကောင်းတာပေါ့...ကိုယ့်လူတွေကို ကြိုတင်ပြင်ဆင်လေ့ကျင့်ပေးထားလို့ရတယ်... field အသစ်ကို ၀န်ထမ်းတွေသွားရမှာ ကြောက်တာကလည်း သူတို့မှာ confident မရှိသေးတာဖြစ်ပါလိမ့်မယ်။ ကြောက်တာကတော့ မြန်မာတစ်ပြည်လုံးမှာ လူတိုင်း နေရာတိုင်းမှာ အကြောက်တရားအမျိုးမျိုးနဲ့ ချုပ်တည်းခံနေရတာကိုး.... ဒါကြောင့်ကြောက်တာက ပြသနာမဟုတ်ပါဘူး... သူတို့ကို အကောင်းဆုံး လေ့ကျင့်ပေး၊ လက်တွေ့နဲ့ တတ်နိုင်သလောက် လေ့ကျင့်ပေးမယ်ဆိုရင်...သူတို့တိုးတက်လာပါလိမ့်မယ်...( အားလုံးမဟုတ်ရင်တောင်...သုံးလို့ရတဲ့သူ...တစ်ယောက်ယောက်ရှိမှာပါ..)

မြန်မာပြည်အနေအထားအရ... ခွင့်ပြုချက်ရမှ၊ ဘယ်အချိန်ရမယ်မှန်း ကြို စီစဉ်လို့မရဘူးဆိုတ... ရက်၊ လ အတိအကျသာမရတာပါ။ အစီအစဉ်ဆွဲကတည်းက Emergency plan, back up plan, plan 2, plan 3, plan 4 ကြိုစဉ်းစားစီစဉ်ထားနိုင်ပါတယ်...အင်း...သူ့ရည်ရွယ်ချက်က international level ဖြစ်ချင်တယ်ဆိုရင်တော့...အလုပ်လုပ်တဲ့နေရာမှာ professional ဖြစ်ဖို့လိုပါလိမ့်မယ်....expert ဆိုတာ အဲလို အခက်အခဲတွေကို အကောင်းဆုံးဖျက်ကျော်စေပြီး လိုချင်တဲ့ ပန်းတိုင်ရောက်အောင် အရောက်ပို့ပေးလို့ သူ့ field နဲ့ သူ expert လို့ခေါ်တာဖြစ်ပါလိမ့်မယ်... မနိုရာတို့ မမြင်နိုင်တဲ့ ဗျူဟာ၊ အစီအစဉ်ကို ဆွဲပေးနိုင်ပါလိမ့်မယ်...

အိပ်ချင်နေလို့ ဒီမှာပဲနားလိုက်တော့မယ်နော်...ကိုယ့်ဘာသာကိုယ်ရေးထားတာတွေ နောက်မှ ပြန်ဖတ်ကြည့်တော့မယ်....မျက်လုံးက တစ်ဝက်ပဲပွင့်တော့လို့....ဟဲဟဲ....

အားလုံးကို လေးစားခင်မင်သတိရလျှက်....

မနိုရာ...

Reply to This

Reply to This

RSS

Advertisement

Shwe Web Hosting

© 2010   Created by Myanmar Society.   Powered by .

Badges  |  Report an Issue  |  Terms of Service