ကျွန်တော်အရင်ကတည်းက သိချင်နေတာလေးတစ်ခုရှိပါတယ်။ အဲ့ဒါက တခြားတော့ မဟုတ်ပါဘူး... ယခု ရောက်ရှိနေတဲ့ နိုင်ငံအပေါ်၊ ဒါမှမဟုတ် ရောက်ခဲ့ဖူးသောနိုင်ငံများမှ သူတို့ရဲ့ ဓလေ့စရိုက်တွေ၊ ထူးဆန်းတဲ့ အတွေးအခေါ်တွေ၊ သူမတူတဲ့ ရှေးဟောင်းနည်းနာတွေကို သိချင်၊ ကြားချင်ခဲ့ပါတယ်။ အဲ့ဒီတော့ ယခုကျွန်တော်တို့ ဒီ society ထဲမှာ သူငယ်ချင်းတော်တော်များများဟာလည်း တစ်နယ်တစ်ကျေးမှာ အကြောင်းကိုယ်စီနဲ့ လျှောက်လှမ်းနေကြရတာပါ။ ဒီတော့ တတ်နိုင်သလောက် ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေ ခံစားစံစားဖွယ်ရာလေးတွေကို ဖြစ်နိုင်ရင် ဓါတ်ပုံများနဲ့တကွ ဗဟုသုတလေးများ မျှဝေပေးပါအုန်းလို့ နိုးဆော်လိုက်ပါတယ်ဗျာ။။။။။။ အကယ်၍ မြန်မာပြည်မှာပဲ နေထိုင်နေသော သူငယ်ချင်းများအတွက်ကတော့ ကိုယ့်ရဲ့ မွေးဖွားရာ ဒေသ၊ ဒါမှ မဟုတ် ကိုယ့်မိဘများရဲ့ ဇာတိစသဖြင့် ရောက်ဖူးရာရာ ဒေသများရဲ့ အကြောင်းချင်းရာများကို ၀င်ရောက်ဆွေးနွေးပေးပါ.... ရွှေမြန်မာ admin များအနေဖြင့် ပါဝင်ရေးသားဖို့ရန် အထူး ပန်ကြားလိုပါတယ်။။။။
Tags:
တခြားသူကိုပြရန်
Facebook
-
▶ Reply to This