Myanmar Online Society

Online society portal for Myanmar (Burmese) people around the world

ဓါတ်ပုံနဲ့ပက်သက်လို့ ကျွန်တော် Topic လေးတစ်ခုဖွင့်တာပါခင်ဗျာ။
Home Page မှာ ဓါတ်ပုံတင်ရန်ဆိုတဲ့ လင့်တစ်ခုရှိပြီး ပုံအများစုမှာ လုံးဝအပျော်တမ်း အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများဖြစ်ကြပါတယ်။

အခုကျွန်တော်ဖွင့်လိုက်တဲ့ Topic ကတော့ အပျော်တမ်းရိုက်ထားတဲ့ပုံတွေထက်၊ ဓါတ်ပုံရိုက်ခြင်းကို ၀ါသနာပါသူ၊ ၀ါသနာအိုးများက မိမိတို့ဝါသနာအလျှောက် ရိုက်ထားပုံများကို Post လုပ်ပြီး၊ အခြား Member များကို Share လုပ်ရန်ဖြစ်ပါတယ်ခင်ဗျာ။ မည်သို့မည်ပုံမည့်သည်နေရာတွင် ရိုက်ခဲ့သည်ကို ဖော်ပြပေးနိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါတယ်။

ဥပမာ အခု forum တွင်မင်သားချောဖြစ်သူ ကိုလင်းလက် အစရှိသဖြင့် ဓါတ်ပုံပညာကို ၀ါသနာပါသူများ လက်စွမ်းပြရန်နေရာလေးဖြစ်ပါတယ်ခင်ဗျာ.....

(Here don't have any related to photography Category, that's why I just put under General Talk Topic.)
ကျွန်တော်မှစတင်ပြီး ကျိုက်ထီရိုးဘုရာနဲ့ အနီးအနားရှိ Sightseeing ပုံအချိုကို Share လိုက်ပါတယ်ခင်ဗျာ။


Reply to This

Replies to This Discussion

Reply to This

Reply to This



မြင်နေရတဲ့အစင်းလေးတွေက ကြယ်တွေဖြစ်ပါတယ်။ shutter ကို ၁၅ မိနစ်လောက်ဖွင့်ပြီးရိုက်ထားတာပါ။
ကျွန်တော်ကစမ်းပြီးတော့ရိုက်ထားတာပါ။ သူများတွေရိုက်တာ ကျွန်တော်ထက်ပိုပြီး ပြီပြင်ပါတယ်ခင်ဗျာ... :)

Reply to This

Reply to This

Reply to This



စလုံးမှာ အဲ့လိုပုံဆိုးပန်းဆိုးပုံကြီးတွေပါတဲ့ စီးကရက်တွေဘဲရောင်းပါတယ်။ သောက်ရတာစိတ်ပျက်စရာကြီးပါခင်ဗျာ...

Reply to This


အင်းယားမှာ ကန်ဘောင်ပေါ်က မီးတိုင်လေးကို လက်ဆော့ထားတာလေးပါ...။

Reply to This


နာဂစ်မွှေခဲ့တဲ့ သွေးပျက်ဖွယ်အမှောင်ညမှာ ဒီသစ်ပင်ကို အားကိုးတကြီးဖက်တွယ်ထားခဲ့လို့ မိသားစု ခုနစ်ယောက် အသက်ရှင်ခဲ့ပါတယ်။
မုန်တိုင်းမတိုင်မီမှာ မိုးကြိုးပစ်ထားခံရလို့ မီးသင့်ထားတဲ့ သစ်ပင်ပါ။ အကိုင်းအခက်တွေ နည်းတာကြောင့်လည်း လေရဲ့ ဆွဲလှဲတာကို မခံရတာလို့ ယူဆမိပါတယ်...။ လပွတ္တာမြို့နယ်...။ သပြေကုန်းကျေးရွာအုပ်စုက ချောင်းကြီးကျေးရွာမှာရှိပါတယ်။

Reply to This


ဒီနေ့ညနေက MNL ဖိုင်နယ်ပွဲ အပြီး ဆုပေးပွဲမှာ ရိုက်ခဲ့တာပါ..။ ပုံက Noise တွေရှိနေတယ်..။ ပြတ်သားမှုလည်း အားနည်းတယ်..။ နောက်ပြီး အကွာအဝေး ပေ ၂၀ လောက်ရှိတာကို Flash မဖွင့်ပဲ ရိုက်ခဲ့တာမို့ ပြစ်ချက်တွေအများကြီးရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် တင်ချင်လို့ တင်လိုက် တာပါ..။ :P

Reply to This

ဓာတ်ပုံလေးတွေကြည့်ချင်တယ်၊ ဓာတ်ပုံပညာနဲ့ ပါတ်သက်ပြီး လေ့လာချင်တယ်၊ သိချင်တာလေးတွေ မေးမြန်းချင်တယ်၊ သုတရှာချင်တယ် ဆိုရင်တော့ အချက်အလက်တွေကို တော်တော်လေး စုံစုံလင်လင်သိနိုင်မယ့် Websiteလေးတစ်ခု ရှိနေပါပြီ။ MyanmarLensman.com တဲ့။ မြန်မာဓာတ်ပုံ ၀ါသနာရှင်တွေ အပျော်တမ်း ဓာတ်ပုံရိုက်သူတွေ၊ ပညာရှင်တွေ စုဝေးရာနေရာလေးပါ။

Reply to This

ကိုစိုးသီဟရေ...

ကျွန်တော်ပြောထားတဲ့ အတိုင်းပဲ ၂၀၀၉ မှာတော့ DSLR ဝယ်ဖြစ်သွားတယ်။
စဝယ်လိုက်တာက Canon 1000D ပါ ။ အသစ်ပါပဲ။ ရန်ကုန်မှာဝယ်တာ ၆ သိန်းနီးပါးလောက်ကျသွားတယ်။ သိတဲ့အတိုင်းပဲလေ ဘက်ဂျက်နဲ့ကိုက်ပြီး ဆွဲလိုက်တာဆိုတော့။


နောက်တဖြေးဖြေးနဲ့ ကိုင်ရတာအဆင်ပြေလာတော့ နောက်တစ်လုံးထပ်ချိန်းဖြစ်လိုက်တယ်။
နောက် ကျွန်တော် ဒီနှစ်ဖေဖော်ဝါရီမှာပါ Canon 500D ပါ။ 840 USD လောက်ကျသွားတယ်ခင်ဗျ။
အခု Lens တွေဘက်ကို လှည့်ဖို့လုပ်နေတယ်။ Canon Lens တွေကို used ထဲက ဝယ်ရင် ဘယ်လိုနေမလဲမသိဘူးခင်ဗျ.
ကြုံရင်.. နည်းနည်း အကြံပေးပါဦး။

Reply to This

Reply to This

RSS

Advertisement

Shwe Web Hosting

© 2010   Created by Myanmar Society.   Powered by .

Badges  |  Report an Issue  |  Terms of Service