အမေ..............သားယမမင်းဖြစ်ချင်တယ်
အမေသားပြောပြမယ်နော်အမေ
သားဘာကြောင့်ဖြစ်ချင်တယ်ဆိုတာကိုပါနော်
မလေးရှားမှာလေ
တရုပ်ကတမျိုး
ကုလားကတမျိုး
မလေးကတမျိုး
ရဲတွေကတမျိုး ( ရွှေတွေအခေါ်သတောင်းစား )
Rela ခေါ် ရက်ကွက် လုံခြုံရေး ( ရွှေတွေအခေါ် နွားသခိုး ) တွေကတမျိုး
လဝက ကတမျိုး
ဇတ်တူသားစားတဲ့ အေ့ကျင်တွေတဖုံ
မလေးရှားမှာ နည်းနည်းမကောင်းတဲ့ သူဌေးနဲ့
များများမကောင်းတဲ့သူဌေး ဘဲရှိတယ်အမေ
အမေ့သား ၆လကို သူဌေးတယောက်ဆီမှာလုပ်ခဲ့တာ
၁၇ နှနှစ် ရှိပြီအမေ ခုထိကောင်းတဲ့သူဌေးမတွေသေးတာ
သားမကောင်းတာဘဲ နေမှာပေါ့အမေ
ပြောပြအုံးမယ်အမေခနတော့သီခံပြီးနားထောင်နော်
အလုပ်လုပ်ပြီးပိုက်ဆံမရတဲ့ ကလေးတွေကအများသား
နေပူကျဲကျဲ မှာတနေကုန်တနေခမ်း အလုပ်တွေလုပ်ပြီး
တနေ့ကို RM ၁၈ ဘဲရတဲ့ယောက်ကျားလေးတွေလေးတွေ
တနေကုန် သူများစားတာတွေကိုမတ်တပ်ရပ် ထိုင်ခွင့်မရတဲ့မိန့်ခလေးတွေ
သူတို့လေးတွေကို သားဘယ်လိုလုပ်ပေးရမလဲအမေ
ရှိပါသေးတယ် အမေ
နိုင်ငံရေးကိုဘမ်ပြပြီး ကဒ်တကဒ်လုပ်ရင် RM ၆၀
တလကိုလစည်ကြေး RM ၁၀ တောင်းပြီး
မျောက်ပြပြီး ဆန်တောင်နေတဲ့ ကောင်တွေကလည်း
အများကြီး သူတို့ရဲ့အာမခံချက်ကတော့
ရဲကမေးရင် ပြလိုက်တဲ့ ဖမ်းရင်လိုက်သွားတဲ့
တော်တော်ကောင်တဲ့ အသက်အာမခံ
သူတို့ထက်စာရင် ပါမစ်အတုလုပ်ပေးတဲ့
လူတွေကမှတော်သေးတယ် အမေ
သားစိတ်ကူးသားတို့တထွေ လုပ်တာတွေက မိုးခါးရေသောက်တဲ့
လူ ၇၀% ကြားမှာ အရှူးဖြစ်နေတာပေါ့အမေ
သားကိုသာ 007 ဂျိမ်းဘွန်း လိုင်ဆင်သာပေးရင်
ဒီကောင်တွေအကုန်သတ်ပြီး ယမမင်းဘဲလုပ်တော့မယ်
မြင်ရတွေ့ရတာတွေများတော့ သားတို့ဝင်ပါကြတော့
ဘွဲ့ကပေးခံရသေးတယ် ရွာဆော်ငပွကြီးအုပ်စုတဲ့
ဒီကောင်တွေ ငရဲပြည်ကိုဆင်လာမှာတော့သေချာဘဲ
သားဆုတောင်သာ ပြည့်ခဲ့မယ်ဆိုရင်
သားနဲ့တွေ့ပြီး အမေခွင်မပြုမှန်းသားသိပါတယ် အမေ
အများနဲ့တယောက် ရင်းပြီးတိုက်ချင်တယ်အမေ
သားကိုခွင့်မပြုလည်း ခွင့်လွတ်ပါအမေ
နတ်လူမုန်း ( ၂။၅။၂၀၀၉ )
ကိုတိုင်ေ၇းသားခံစားသည်
Tags: xman
-
▶ Reply to This