Myanmar Online Society

Online society portal for Myanmar (Burmese) people around the world

januarygirl

တောင်းတိုင်းရတယ်ဆိုပေမဲ့ အခွင့်အရေးကို ရတိုင်းမယူနဲ့။

တစ်ခါတုန်းက....
လှပတဲ့ ငန်းတစ်ကောင်က ပျံသန်းရင်း သန်မာတဲ့ ဘဲတစ်ကောင်ကို တွေ့တော့
ချက်ချင်းကြွေသွားတယ်.....
ပုံစံမတူတဲ့ ဘဲကို တွေ့ပြီး ပြောမတက်အောင်ရင်ခုန်ခဲ့တယ်...
ငန်းရဲ့လှပတဲ့ စွဲဆောင်မှုကြောင့် ဘဲလဲချက်ချင်း ချစ်မိသွားတယ်.....
သူတို့တွေ မြေပြင်မှာပဲ ပျော်မြူးနေကြတယ်......
ရေကန်ဘေးက ရွှံ့တွေကြောင့် ငန်းလေးက တနေ့တခြား ဖြူဖွေးတဲ့
အမွေးအတောင်လေးတွေညစ်ပတ်လာတယ်။
လှပတဲ့ ခြေထောက်တွေလဲ ရောင်ရမ်းလာတယ်။
ဒါနဲ့ ငန်းက မခံနိုင်လာတော့ ဘဲကို နင်ပျံသန်းနိုင်အောင်ကြိုးစားပါလား
ငါတို့ ကောင်းကင်ပေါ်မှာ ပျော်မြူးကြရအောင်။
ဘဲလဲ ငန်းအတွက် ပျံသန်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘဲက ဘဲပါပဲ။ မပျံတက်ဘူး။
နောက်ဆုံးမဖြစ်နိုင်တော့မှန်းသိတော့ ဘဲလေး စိတ်ပျက်အားငယ်ပြီး လက်လျော့လိုက်တယ်။
ဘဲက နင်ငါ့ကို ခေါ်ပြီး ပျံသန်းပါလား လို့ တောင်းဆိုတယ်။ ငန်းလဲ ဘဲကို
ချစ်တော့ ခေါ်ပြီး ပျံသန်းတယ် ဒါပေမဲ့ အားအင်တွေ အရမ်းကုန်ခမ်းတယ်။
ခဏလေးပဲ ပျံသန်းနိုင်တယ်။ မြေပြင်ကို ရောက်တော့ ဘဲပြုံးတယ်။
ကောင်ကင်ပေါ်ရဲ့ မြင်ကွင်းဟာ အရမ်းကို လှပတယ်။ ငန်းကို ချစ်မိတာ
အရမ်းကောင်း တာပဲလို့ စဉ်းစားတယ်။
အဲဒီနေ့ကနေစပြီး ဘဲက ငန်းကို ကောင်းကင်မှာပျံသန်းဖို့ ပြောတယ်။ အကြာကြီး
ပျံသန်းခိုင်းတယ်။
မပျံသန်းနိုင်ရင် ဘဲက စိတ်ဆိုးတယ်။
ငန်းကဘဲကို ချစ်နေရတာ ပင်ပန်းလာတယ်။

ဘဲရဲ့တောင်းဆိုမှုတွေကို လိုက်လျောရင်းနဲ့ တစ်ရက်မှာ
ငန်းက အမြင့်အမြင့်ဆုံးကို ပျံပြီး နက်ရှိုင်းစွား ဘဲကိုနမ်းလိုက်ပြီး ဘဲက
ထူးဆန်းနေတဲ့ အချိန်မှာပဲ ဘဲကို ဆွဲထားတာကို
တဖြည်းဖြည်းလွတ်လိုက်တယ်………….

ဂုဏ်သိက္ခာအရာအားလုံးကို စွန့်လွှတ်ပြီး ဘဲကိုချစ်ခဲ့တဲ့ ၊
ကိုယ်အရမ်းသံယောဇဉ်ထားရက်နဲ့ အလိုက်မသိ အခွင့်အရေးယူတဲ့ ဘဲကို
မထားချင်လည်း ရင်နာစွာထားခဲ့ရတဲ့ ငန်းကို အပြင်ပန်းက ကြည့်ရင်
မစာနာတတ်သူလို့ ထင်စရာပေါ့......

အမြင့်ကိုမျှော်တိုင်း ပြုတ်ကျဖို့က ပိုလွယ်တယ် ဆိုတာမမေ့ပါနဲ့။ ဘ၀မမေ့ကြပါနဲ့။
တစ်ခါတစ်ခါ ကိုယ့်အပေါ် သိပ်သံယောဇဉ် ထားတဲ့ သူကိုတွေ့စဉ်မှာ အားလုံးကို
ကျေနပ်ရောင့်ရဲတင်းတိမ်ရမယ်။
ရထားတာကို မြတ်နိုးတက်ရမယ်။
ကိုယ့်အတွက် သူ့တန်ဖိုးတွေ သိက္ခာတွေ ဘယ်လောက်ပေးဆပ်ခဲ့ရလဲ စာနာတတ်ရမယ်။
တောင်းတိုင်းရတယ်ဆိုပေမဲ့ အခွင့်အရေးကို ရတိုင်းမယူနဲ့။

Comment

You need to be a member of Myanmar Online Society to add comments!

Join Myanmar Online Society

k2tmaung Comment by k2tmaung on March 16, 2010 at 1:11pm
Post လေး အရမ်းကောင်းပါတယ်... ကျေးဇူးပါနော်... တောင်းတိုင်းရတယ်ဆိုပေမဲ့ အခွင့်အရေးကို ရတိုင်းမယူနဲ့။ အဲ့ဒီ စာသားလေးကိုတော့ အကြိုက်ဆုံးပါပဲ....

Advertisement

Shwe Web Hosting

© 2010   Created by Myanmar Society.   Powered by .

Badges  |  Report an Issue  |  Terms of Service