Myanmar Online Society

Online society portal for Myanmar (Burmese) people around the world

Mg kaung

ရင်ထဲက သံစဉ်များ

၁။ ငါမင်းကို နားလည်မှုတွေပေးတယ်ဆိုတာ မင်းအသိဆုံးပါ
ဒါပေမဲ့ ငါ့ကို မင်းအတွက်နားလည်ပေးပါ လို့ပြောလာတော့
ဘာကို ထပ်ပြီး နားလည်ပေးရမှာလဲ
မင်းဆိုလိုတာကို ငါလုံးဝနားမလည်နိုင်ဘူးဖြစ်သွားတယ်ကွာ….
ငါကပဲမသိတက်လို့လား…မင်းကပဲမသိတာလား……

၂။ မောပြီဆိုမှ နားခိုဖို့ ပခုံးလေးကိုသတိရတယ်
မှားပြီဆိုမှ နောင်တရဖို့ သတိရတယ်
ဒုက္ခရောက်ပြီဆိုမှ ရောင့်ရဲဖို့သတိရတယ်
နာကျင်ပြီဆိုမှ ခံနိုင်ရည်စွမ်းတွေရှိလာတယ်
မူးပြီဆိုမှ မေ့မရနိုင်မှန်းသိလာတယ်
ပြုံးပြီ လှပမှုတွေသာယာမှုတွေကို ခံစားတတ်လာတယ်
ချစ်ပြီ ဒါဆိုရင်တော့ မဆုံးရှုံးစေနဲ့ပေါ့။

၃။ မနာလိုဖြစ်တာ သဘောကျလို့ပါ။
စိတ်တိုတယ်ဆိုတာ မင်းဂရုစိုက်အောင်လို့ပါ။
ငေးငိုင်နေတယ်ဆိုတာ မင်းကို သတိရနေလို့ပါ။
ချစ်တယ်ဆိုတာ မင်းကို မဆုံးရှုံးချင်လို့ပါ။

၎။ ငါ့မာနတွေ ငါ့ခေါင်းမာမှုတွေကို ထားခဲ့လိုက်ပြီး ငါ မင်းကို မထားခဲ့နိုင်ခဲ့လို့ပါ။

၅။ မင်းကိုကြိုက်တယ် ဒါပေမဲ့ မင်းငါ့ကို မနာကျင်စေနိုင်ပါဘူး။
မင်းကိုချစ်တယ် နာကျင်မှုတွေက ကြာရှည်နေမယ် ဒါပေမဲ့ မင်းပေးတဲ့ ပျော်ရွှင်မှုတွေက အရမ်းကိုပျော်တယ်။

၆။ သင့်ကို ပျော်ရွှင်မှုပေးနိုင်တဲ့ သူသာလျှင် သင့်ကို နာကျင်မှုပေးနိုင်တာပါ။

၇။ တစ်ယောက်ယောက်ကို ချစ်တာ ကမ္ဘာတစ်ပတ်ပတ်ပြေးရတာထက်မောတာယ်လို့ ပြောကြတယ်
ဒါပေမဲ့ သူ့ကို မချစ်ပဲ စွန့်လွတ်လိုက်ရတာက ပိုခက်ခဲတယ် ပိုရင်မောတယ်……..

၈။ သူ့ကို မမေ့နိုင်ဘူးဆိုရင် မမေ့နဲ့ပေါ့။
တကယ်မေ့နိုင်ရင် ဒီလောက်ကြိုးစားနေဖို့ မလိုပါဘူး။

၉။ ငါစိတ်ဆင်းရဲနေတဲ့အချိန်မှာ ငါ့ရဲ့မျက်ရည်သုတ်ပေးတဲ့သူ
ငါပျော်တဲ့အချိန်မှာ သူ့ပခုံးကို ပေးကိုက်တဲ့သူ…

၁၀။ အချိန်တွေ ကုန်ဆုံးသွားတယ်…. တစ်ချိန်ချိန်က တစ်ယောက်ယောက်ကို ချစ်ခဲ့တာတွေ သူ့ရဲ့ ကျင်နာမှုတွေ သူနဲ့ သက်ဆိုင်မှုအားလုံးတွေကို သင်မေ့သွားမယ်။ သူ့အပေါ်ခံစားချက်တွေ မရှိတော့ဘူး။ ဘာလို့ ဒီလို ဖြစ်သွားတာလဲ။ အော်…. အချိန်။ ပထမတော့ အချစ်က အချိန်ကို မေ့လျော့စေပြီး အချိန်က သင့်ရဲ့ အချစ်နဲ့ ခံစားချက်တွေကို ကုစားသွားတယ်။….Time heals everything….

၁၁။ သူ့မှာ ငါမကြိုက်တဲ့ အချက်တစ်ချက်ရှိတယ်။ သဘောကျတဲ့ အချက်ကိုတော့ မသိဘူး။
သူ့ကို မကြိုက်တဲ့ သဘောမကျ အလိုမကျ ဖြစ်နေတဲ့ အချက်က သူငါ့ကို မချစ်တာပဲ။


၁၂။ မင်းကို ချစ်တဲ့ ငါ ဆိုပြီး အသက်မရှင်ချင်တော့ဘူး
ငါ့ကို ချစ်တဲ့ သူတွေအတွက် ငါ့အသက်ငါဆက်ပါရစေ….

၁၃။ မင်းဆီက လိုချင်တဲ့ စကားတစ်ခွန်း မင်းက လွဲလို့ ဘယ်သူကိုမှမချစ်ဘူး
မင်းဆီက လိုချင်တဲ့ အသိအမှတ်တစ်ခု မင်းကလွဲလို့ ငါဘယ်သူ့ကိုမှ မယူဘူး
မင်းသူငယ်ချင်းဆီက ကြားချင်တဲ့ စကားတစ်ခွန်း အော်သူပြောပြောနေတဲ့တစ်ယောက်လား
မင်းအသိုင်းအ၀ိုင်းက သိနေကြတဲ့ အသိတစ်ခု ငါကမင်းရဲ့ချစ်သူ…….
အားလုံးနှစ်သက်ကြပါစေ………

Comment

You need to be a member of Myanmar Online Society to add comments!

Join Myanmar Online Society

Advertisement

Shwe Web Hosting

© 2010   Created by Myanmar Society.   Powered by .

Badges  |  Report an Issue  |  Terms of Service