Myanmar Online Society

Online society portal for Myanmar (Burmese) people around the world

Mg kaung

ကြိုက်မိတဲ့စာစုလေး

အကြောင်းတစ်ခုခုကြောင့်လူတွေလိ
မ်တတ်ကြပါတယ်။တချို့ကအကြောင်းသေးသေးမှာလည်းလိမ်တယ်။
အကြော င်းကြီးကြီးကျလည်းလိမ်တယ်။လိမ်တာများရင်အမှန်မလုပ်တတ်တော့ပါဘူးအကျင့်ကစရိုက်အဖြစ်
ကူးသွားတာပါ။စရိုက်အဖြစ်ရောက်သွားရင်တော့ပြင်ဖို့မလွယ်ပါဘူး။လိမ်တယ်ဆိုတာလောဘတစ်ခုကြောင့်ပါ။
မှန်မှန်ကန်ကန်လုပ်ရင်မရနိုင်တာရယ်။မကြိုးစားချင်တာရယ်၊ပင်ပန်းမှာကြောက်တာရယ်၊လောဘကိုမထိန်း
သိမ်းနိုင်တာရယ်တွေကြောင့်လိမ်ဖြစ်သွားကြတာပါ။သူတို့ရဲ့အနာဂါတ်နဲ့အလဲအလှယ်လုပ်ရတယ်ဆိုတာတွေးမိ
သူလည်းရှိချင်ရှိမယ်။မတွေးမိသူလည်းရှိချင်ရှိမယ်။ဘာပဲပြောပြောလိမ်တာညာတာကိုလူ့အသိုင်းအ၀ိုင်းကလက်မ
ခံကြပါဘူး။လူ့အသိုင်းအ၀ိုင်းကလက်မခံရင်လိမ်သူကိုယ်တိုင်ကလည်းတစ်ချိန်ချိန်တစ်နေ့နေ့မှာလူ့အသိုင်းအ၀ိုင်း
ကဆန့်ကျင်ခြင်းကိုခံရမှာမလွဲမသွေပါ။


လောကကြီးဟာခြောက်ပြစ်ကင်းမကင်းပါဘူး။လူတွေသူတွေအားလုံးလည်းခြောက်ပစ်မကင်းကြဘူး။လိမ်သူတွေရှိ
တာအလိမ်ခံရသူတွေရှိလို့လို့ပြောရင်မှန်မလားပဲ။ဘာဖြစ်လို့လိမ်ဖြစ်သွားကြတာလဲ။လောဘကြောင့်။ပြင်းတန်တဲ့ဆန္ဒ
တစ်ခုကိုမထိန်းသိမ်းနိုင်မှုကြောငိ့၊အကြောင်းတစ်ခုခု၊အခြေအနေတစ်ခုခုကြောင့်လို့အကြမ်းဖျင်းပြောလို့တယ်။ဘာ့
ကြောင့်ပဲလိမ်လိမ်တစ်ချို့ကလိမ်မှန်းသိပ်သိတာတယ်။တချို့ကလိမ်မှန်းမသိဘူး။သိပ်တော်တဲ့သူတွေကျတော့ခဲရတဲ့သူ
်ကခံလို့ခံလိုက်ရပြီးတာတောင်မှလိမ်သူကိုအကောင်းမြင်တုန်းပဲဆိုတော့တစ်ဖက်ကသိပ်တော်လို့လည်းဖြစ်မယ်။တစ်ဖက်
ကသိပ်ညံ့လို့လည်းဖြစ်ချင်ဖြစ်နိုင်တယ်။လောကကြီးမှာလူညံ့တွေရှိနေသမျှကာလပတ်လုံးလူလိမ်တွေရှိနေကြမှာပါပဲလို့
တရားသေကောက်ချက်ဆွဲနိုင်ပါလိမ့်မယ်။ဘယ်သူတွေလိမ်လိမ်၊ဘယ်သူတွေအလိမ်ခံလိမ်တယ်ဆိုတာရာဇ၀တ်မကင်း
တော့အလောင်းစားလုပ်ရတဲ့သဘောရှိတယ်။လွတ်ရင်စံ၊မလွတ်ရင်ခံပေါ့။ကိုယ်လိမ်ခဲ့ညာခဲ့တဲ့ပမာဏအလိုက်တော့ခံရမှာ
အသေအချာပါပဲ။လိမ်သူတွေညာသူတွေအတွက်တရားသူကြီးနှစ်ဦးရှိပါတယ်။


တစ်ဦးကလူသားတရားသူကြီးဖြစ်ပါတယ်။လူသားကျင့်ဝတ်နဲ့ဆိုင်တဲ့တရားဥပဒေကိုလက်ကိုင်စွဲပါတယ်။လိမ်သူတွေသိပ်
်တော်ရင်အဲ့ဒီတရားသူကြီးကိုကျော်လွှားနိုင်ပါတယ်။လွတ်သွားတဲ့သူတွေလည်းရှိနေပါတယ်။ဒါပေမဲ့လူလိမ်မှန်သမျှတွေက
နောက်တရားသူကြီးတစ်ဦးကိုတော့ဘယ်သူမှကျော်နိုင်ကြမှာမဟုတ်ပါဘူး။အဲ့ဒါကသဘာဝတရားသူကြိီးလောကရဲံ့တရား
သူကြီးဖြစ်တဲ့ကံပါ။အလိမ်ခံရသူတွေကကျေနပ်သည့်တိုင်၊မသိသည့်တိုင်၊နောက်ဆုံးခွင့်လွှတ်သည့်တိုင်ကံတရားသူကြီးက
ခွင့်မလွှတ်ပါဘူး၊အသနားခံလို့လည်းမရပါဘူး။အယူခံလို့လည်းမရပါဘူး။သူ့ဘက်ကချမည့်စီရင်ချက်ကလည်းမျက်နှာမ
လိုက်ပါဘူး။လာဘ်ထိုးလို့လည်းလျော့မပေးပါဘူး။အဲ့ဒါက``ကံကံ၏အကျိုးပါပဲ´´။


ကံကောင်းတွေအားကြီးနေသေးလို့လိမ်ခြင်း၊ညာခြင်းရဲ့အကျိုးပေးကိုချက်ချင်းမခံရသေးဘဲနောက်မှခံရမယ်ဆိုရင်အဲ့ဒီ
တရားသူကြီးကအတိုးတောင်းတတ်ပါတယ်။ကြာလေအတိုးတက်လေပါပဲ။အတိုးအရင်းပေါင်းပေးရတဲ့အခါလိမ်သူတွေ
မျက်နှာမရှုံ့စေချင်ပါ။

Comment

You need to be a member of Myanmar Online Society to add comments!

Join Myanmar Online Society

Advertisement

Shwe Web Hosting

© 2010   Created by Myanmar Society.   Powered by .

Badges  |  Report an Issue  |  Terms of Service