Myanmar Online Society

Online society portal for Myanmar (Burmese) people around the world

(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ တိတ်တိတ်လေး
ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။ ကိုယ်ဘယ်ရောက်ရောက်
တစ်သက်လုံးသူရှိနေတယ်။

(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊
လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ်
လဲလျောင်းစေတယ်။

(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့်
အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။

(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့်
ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။
ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...

(၅) နင့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ နင့်ကိုလွမ်းတဲ့အလွမ်းက
ငါ့ကိုပျော်စေတယ်၊ နင့်ကိုဖက်ထားရတာ ငါ့အတွက် မှီခိုမှုတစ်မျိုးပေါ့။
နင့်ကိုနမ်းတော့ ကြည်နူးရတယ်။ နင်ဟာ အမြဲတမ်း
ငါရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...

(၆) အရင်က နင်နဲ့ငါမသိခဲ့လို့ "အချစ်"နဲ့ ငါလမ်းလွဲခဲ့ရတယ်။ ခုတော့
ငါ့ဘဝထဲ မင်းအပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ ငါ့နေ့ရက်နဲ့
ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် ငါ့အနာဂတ်ကို မင်းတာဝန်ယူပေးပါ။

(၇) ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါ
လွမ်းတယ်။ နင့်ဘေးမှာ ငါမရှိပေမယ့် ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။
ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။

(၈) ငါ့ဘဝထဲ မင်းရောက်မလာခင် ငါဟာနေ့ည မခွဲခြားတဲ့ တေလေငှက်တစ်ကောင်လို့
လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ မင်းဟာငါရဲ့ ဓူဝံကြယ်ပါ။
မင်းနှလုံးသားမှာ ခိုလှုံနိုင်ဖို့ ငါ့ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။

(၉) ငါတို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။
နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။ နင်
ငါရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?

(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင်
ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကိုငါ တိုးတိုးလေးပြောပြမယ်။
နင်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကိုငါပေးမယ့် ပျော်ရွှင်ခြင်းတွေ
ပါဝင်နေခဲ့တယ်။

Comment

You need to be a member of Myanmar Online Society to add comments!

Join Myanmar Online Society

may Comment by may on June 13, 2010 at 4:39pm
a chit so ter kan sar tert mha kan sar ng mhar per..
myat lone twe bal lout pa` shi shi ma myin ng tha lo
nat twe bal lout pa` shi shi yin kone than ko ma kyar ng bu
nga lone thar so ta` a yar ka khwint ma pyu ma chin pop...

....
may

Advertisement

Shwe Web Hosting

© 2010   Created by Myanmar Society.   Powered by .

Badges  |  Report an Issue  |  Terms of Service